Saturday, August 18, 2018
AKS Phone Driver Tool.exe
Phone Driver တွေကို
HDD ထဲမှာ  ခေါင်းမူးအောင်​ ရှာစရာမလိုဘဲ
One Click နှင့်​ Install ဆွဲလို့ရအောင်
ပြင်​ဆင်​ရေးသားထားပါတယ်​ ...
Windows 7, 8, 8.1 , 10    ( 32 Bit & 64 Bit )
အားလုံး Support ပေးပါတယ်
_____________×××_________×××××__________
____________×______×____________×____________
             One Click Install    လုပ်​ပါ
__________________________________________
Windows 8 , 8.1 , 10  တွေမှာတော့
     Disable Driver signature enforacment  
လုပ်​ပြီး မှာ Driver ကို Install  လုပ်​ပေးပါ
င်္ပြးရင်​ Computer ကို Restart ချပေးလိုက်​ပါ
--------------------#####----#####---------------------
AKS - Moble Sale & Services  Center
    ရူးစံပြကျေးရွာ ၊ အထက်​ပိုင်း ရပ်​ကွက်​ ၊  အမ်းမြို့နယ်
__________________________________________
Download ဆွဲရန်​ နှိပ်​ပါ  👉 (  Download Start  )👈
Zip Password =    aksmobile
Tuesday, June 5, 2018
Mi & Qualcomm Phone Frp & User Unlock Tool.exe
Xiaomi & Qualcomm Cpu သုံး
Android Phone တွေဖြစ်တဲ့
Huawei , Opp,etc.…ကို
Wipe User Data လုပ်နိုင်ပြီး FRP Lock , Pattern Lock ,
Pin Lock , Password Lock &  Mi Account Lock တွေကို
One Click ဖြင့်ြ ဖုတ်လို့ရအောင် Rbsoft.tool နှင့်
Qualcomm Driver ကို ထည့်ပေးထားပါတယ်။ Click ပေးပြီး Install လုပ်ပါ။
       -       Account ဖွင့်ပြီး Regisister လုပ်ပြီး Login  -
_____________________________________________________________________
AUNG KYAW SOE -  MOBILE & ELECTRONIC SERVICES
AKS    -  MOBILE SOFTWARE  ONLINE TRAINING
………………………………………………………………………………………………………………………
   Download ဆွဲရန်  =    ( Download Start )
Password :    aksmobile
Computer မှာ Virus ကာကွယ်ဖို့ Smadav
Anti - Virus သေးသေးလေးနဲ့ အစွမ်းထက်တဲ့
 Smadav သုံးဖူးတဲ့သူတိုင်း သိမှာပါ။
 ဝယ်သုံးစရာလည်း မလို Update ကလည်း သုံးလတစ်ကြိမ်ဆိုတော့
အဆင်ပြေပါတယ်။
13  April  2018  ရက်ထွက်  Smadav Anti-Virus
လိုချင်သူများ အောက်က လင့်မှာ ဒေါင်းယူပါ
Name        -     Smadav.exe
File Size     -     1.65MB
File Type     -     Zip
……………………………………………………………………………………………………
Google Drive link =  Download Start
Box Link  =   Download Start
AKS -    MOBILE & ELECTRONIC  
              SERVICES & MOBILE SOFTWARE ONLINE TRAINING
Friday, May 11, 2018
About Xiaomi
"Xiaomi ဖုန်းတစ်လုံး မှာအသုံးဝင်တာလေးတွေပါ။....."
ကျွန်​​တော်​လည်း Mi သုံးလို့​လေ့လာဖြစ်​တာပါ
(1)အရေးပေါ် Power ဘယ်လိုပိတ်မလဲ?
======================
တစ်ခါတစ်ရံမှာ ဖုန်းမှာ app တွေ အသုံးများပြီး RAM မနိုင်တော့လို့ Touch ကလုံးဝ အလုပ်မလုပ်တော့တာမျိုးဖြစ်တတ်ပါတယ်။ Touch ပဲမကောင်းသလိုလို ဖုန်းကပဲပျက်သွားသလို လို ကြုံ ဖူးကြမှာပါ။
ဒီလို အချိန်မျိုးမှာ Power ပိတ်ဖို့အတွက် ဘာခလုတ် နှိပ်နှိပ် အဆင်မပြေတတ်ပါဘူး။ဒါပေမယ့် လျှို့ဝှက်ချက်ကတော့ရှိပြီးသားပါ။
Power ခလုတ်ကို ၁မိနစ်ခန့် ဖိထားပေးပါ။ အလိုလျှောက် Restart ဆင်းသွားမှာဖြစ်ပါတယ်။
(2)ဖုန်းကို Reset မချခင် Backup ဘယ်လိုလုပ်မလဲ?
========================
အကြောင်းအမျိုးမျိုးကြောင့် ဖုန်းကို Reset ချတော့မယ်ဆိုရင် အရင်ဆုံး Backup ပြုလုပ်သင့်ပါတယ်။
MIUI မှာ Build in backup&restore option ပါဝင်ပြီးသားဖြစ်ပါတယ်။ အတော်လေး ပြည့်စုံကောင်းမွန်ပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်ဟာ ဘယ်လောက်ကောင်းသလဲဆိုရင် Facebook , viber အကောင့် တွေပါ Restore ပြန်လုပ်ရင် အသစ်ပြန်ဝင်စရာ ဖွင့်စရာမလိုလောက်အောင် database တွေအထိ Backup လုပ်ပေးနိုင်ပါတယ်။
Backup ပြုလုပ်ချင်တယ်ဆိုရင်တော့ Setting>Additional Settings>Backup & Reset ထဲမှာ မိမိ လိုအပ်သလိုရွေးချယ်ပြီး Backup ပြုလုပ်နိုင်ပါတယ်။ Backup လုပ်ပြီးတော့ File manager ထဲက MIUI Folder တစ်ခုလုံးကို Computer ထဲဖြစ် ဖြစ် OTG နဲ့ပဲဖြစ်ဖြစ် ထပ်မံ ကူးယူထားသင့်ပါတယ်။
(3)ဖုန်းမှာပါဝင်တဲ့ Recent,Home,Back ခလုတ်တွေကို မီးအဖွင့် အပိတ် ဘယ်လိုလုပ်မလဲ?
========================
MIUIဟာ ဖုန်းတစ်ခုလုံးကို ကောင်းမွန်စွာ စိတ်ကြိုက်မွန်းမံနိုင်ပါတယ်။ Recent,Home,Back ခလုတ်တွေကို Battery စားမှာကြောက်လို့ ပိတ်ထားချင်ရင်တော့ Setting>Additional Settings>Buttons ထဲကိုဝင်ပြီး Button Lights ကို ပိတ်ပေးလိုက်ပါ။
Download ဆွဲတဲ့ အခါ Require Wi-Fi Connection လို့ပြပြီးဆက်မဆွဲရင်ဘယ်လိုဖြေရှင်းမလဲ
Home Screen မှာရှိတဲ့ Downloads ဆိုတဲ့ app လေးကိုရှာပါ။ app ကိုတွေ့ရင် ဝင်လိုက်ပါ။ ညာဘက်ဒေါင့်စွန်းအပေါ်လောက်မှာ အစက် ကလေး သုံးစက်ကိုတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ရင် Menu တစ်ခုပေါ်လာမှာဖြစ်ပြီး ၃ခုမြောက်မှာတွေ့ရမယ် Setting ထဲကိုဝင်ပါ။ Download size limit မှာ unlimiter ပြောင်းပြီး Download ပြန်ဆွဲကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
(4)Facebook,Messemger,Vber တို့ရဲ့ Pop-Up Window တွေ ပေါ်မလာရင် ဘယ်လိုဖွင့်မလဲ?
========================
Messenger မှာတစ်ဖက်က ပြောတဲ့ စာတွေ ဖုန်း မှာ တောင်လို့ အသံကြားရပြီး Display မှာပေါ်မလာခဲ့ရင် ဒီလိုဖြေရှင်းပါ။
Security app ထဲကိုဝင်ပါ။ ညာဘက်ထောင့် အောက်ဆုံးမှာ Permission ဆိုတာတွေ့ပါလိမ့်မယ်။ ဝင်လိုက်ပါ။Permissions ဆိုပြီးထပ်တွေ့ပါလိမ့်မယ်။ Facebook အတွက် ဆိုရင် Facebook ထဲကိုဝင်ပြီး အောက်ဆုံးမှာရှိတဲ့ Display Pop-up window ကို accept လုပ်ပေးပါ။Messenger,Viber လည်း ထို့နည်းတူဖြစ်ပါတယ်။
(5)Battery ကို ရာခိုင်နှုန်း နဲ့ပြအောင် ဘယ်လိုပြောင်းမလဲ။?
========================
Security app ထဲကိုထပ်ဝင်ပါ။ညာဘက်ထောင့်အောက်လောက်မှာ Battery ဆိုတဲ့ စာလေးတစ်ခုတွေ့ပါလိမ့်မယ်။ဝင်လိုက်ပါ။အထဲရောက်ရင် ညာလက်ထောင့်အပေါ်က Setting ကိုနှိပ်လိုက်ပါ။
Battery indicator လို့ပေါ်လာရင် Graphical အစား Percentage လို့ ပြောင်းပေးလိုက်ပါ။
(6)Data speed indicator ကို ဘယ်လို ဖော်မလဲ?
========================
လက်ရှိ ကိုယ်အသုံးပြုနေတဲ့ အင်တာနက် speed ကို ဖော်ထားချင်တယ်ဆိုရင်တော့ Security app ထဲကိုဝင်ပါ။ ဒုတိယမြောက် Data Usage ဆိုတဲ့ function ထဲကိုဝင်ပါ။Battery Percentage တုန်းကလိုပါပဲ။ အပေါ်က Setting ကိုဝင်လိုက်တာနဲ့ Show network aped ဆိုတာကို ဖွင့်ပေးလိုက်ပါ။
Developer Option ဘယ်လိုဖွင့်မလဲ။
ဒါကတော့ MIUI ရဲ့ သူများတဲ့ မတူတဲ့အချက်တစ်ချက်ပါ။ အခြားဖုန်းတွေမှာ က kernel ဘာညာကို ၇ ချက်ထောက်ပေးရပေမယ့်။Xiaomi မှာတော့ MIUI Version ကို ၇ ချက်ခေါက်ပေးပါ။ ဒါဆိုရင်တော့ Additional Setting ထဲမှာ Developer option တစ်ခု တိုးနေပါလိမ့်မယ်ခင်ဗျာ။
(7)လက်သုံးချောင်းနဲ့ဆွဲလိုက်ရင် Screenshot ရိုက်အောင် ဘယ်လိုလုပ်မလဲ (MIUI8)?
========================
Setting ထဲက Screenshot ထဲကိုဝင်ပါ။ Slide three fingers to take screenshot ကိုဖွင့်ပေးပါ။
ဒါဆိုရင်တော့ သင့်လက်သုံးချောင်းနဲ့ အပေါ်ကနေ အောက်ကို ဆွဲချလိုက်တာနဲ့ Screenshot ရိုက်ပေးမှာဖြစ်ပါတယ်။
(8)Long Screenshot ဘယ်လိုရိုက်မလဲ?
=======================
Facebook တို့ ဘာတို့မှာ စာတွေအရှည်ကြီးဖြစ်နေတယ်။ ဓါတ်ပုံအဖြစ်လည်းသိမ်းချင်တယ်ဆိုရင်တော့ Long Screenshot ဆိုတဲ့ စနစ်ကို MIUI 8 မှာအသုံးပြုနိုင်ပါတယ်။
Screenshot ရိုက်ပြီးရင် ပုံလေးက ညာဘက်ထောင့်မှာပေါ်လာပါတယ်။ အဲ့ပုံလေးကိုထောက်လိုက်ရင် ဘယ်ဘက်ထောင့် အောက်ဆုံးမှာ Scroll ကိုနှိပ်လိုက်ပြီး လိုသလောက် ရိုက်ယူနိုင်မှာဖြစ်ပါတယ်။
(9)Quick Ball ဆိုတာဘာလဲ?
===================
Quick Ball ကတော့ Easy Touch လို မျိုးပါပဲ။ iPhone ရဲ့ AssistiveTouch နဲ့ သဘောတရားဆင်တူပါတယ်။ Quick Ball ကို MIUI 8 မှာ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ Setting>Additional Setting>Quick Ball ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
(10)Flash မီးကို အရေးပေါ် အခြေအနေမှာဘယ်လိုဖွင့်မလဲ?
========================
အကယ်၍များ Flash မီးကို ဓါတ်မီးအဖြစ်အရေးပေါ်သုံးချင်တယ်ဆိုရင်တော့Lock Screen အနေအထားမှာ Home Button ကို 15 second လောက် ဖိထားပေးလိုက်ပါ။
(11)Call Recorder ဘယ်လိုဖွင့်မလဲ?
=====================
သင်တစ်ခါတစ်လေ သတိမထားမိတဲ့အရာက သင့်အနားမှာရှိနေတတ်ပါတယ်။MIUI မှာ Build in Call Recorder ပါဝင်ပြီးသားဖြစ်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင်တော့ ဖုန်းခေါ်တဲ့ app ထဲဝင်ပါ။ ဘယ်ဘက် အောက်ထောင့်နားမှာ လိုင်းလေး ၃ကြောင်းရှိပါတယ်။ နှိပ်ပြီး Setting ထဲကိုဝင်ပါ။Call Recording ကိုဖွင့်ပေးလိုက်ပါ။Record automatically ကိုမဖွင့်ထားရသေးရင်ဖွင့်ပေးပါ။
(12)ဖုန်းလာရင် Flash မီးလင်းအောင်ဘယ်လိုလုပ်မလဲ?
==========================
အပေါ်ကအတိုင်းပဲ Phone ခေါ်တဲ့ app ကနေ တစ်ဆင့် setting ထဲကိုဝင်ပါ။ Incoming Call Settings ထဲကိုဝင်ပြီးရင် Flash when ringing ကိုဖွင့်ပေးပါ။ဒါဆိုရင် ဖုန်းလာရင် Flash မီးလင်းလာပါလိမ့်မယ်။
Credit to Mrfone By
         နည်းပညာနှင့် apk များပြန်လည်မျှဝေခြင်း
#Credit, org page
Thursday, April 19, 2018
SAMSUNG ​တွေမှာ Emergency Call က မိမိContact ထဲကဖုန်းကို​ခေါ်လို့ရ​အောင်​လုပ်​မယ်​...
    SAMSUNG Phone သုံးသူ​တွေမှာ
အ​ရေးကြီတဲ့ မိမိ မိတ်​​ဆေီ​တွေကို 
Emergency Call က​နေပြီး Contact
ထဲ က ဖုန်းနံပါတ်​ ​​တွေကို​ခေါ်လို့ရ​အောင်​လုပ်​နည်းပါ... Credit.. .
ရူးစံပြရွာတွင်​ပြုလုပ်​​သော သက်​ကြီးရွယ်​အို ပူ​ဇော်​ပွဲ
အမ်းမြို့ နယ် ရူးစံပြ  မိသားစုများ၏
၁၃၈၀ ပြည့်နှစ် နှစ်ဆန်း ၂ ရက်နေ့ တွင်ပြု
လုပ်ပူဇော်အပ်ပ်ါသော  အဘိုး အဘွား ကန်တော့ပွဲလေး  ကိုအောင်အောင်မြင်မြင်နဲ့
ပြု လုပ်  နိုင်ပါပြီ။
ကန်တော့ပွဲအတွက်  ပါဝင်လှူ  ဒါန်း ကူညီခဲ့ပါသော အသင်းဝင်များ ရပ်ရွာ အလှူ
ရှင်များ အဝေးမှ လှူ  ဒါန်းခဲ့ကြပါသော
ရူးရြာသူ  ရူးရြာသားမ် ား အားလံုးကို
ဂါရဝမင်္ဂလာအသင်းမှ  ကျေးဇူးအထူးတင်ရှိပြီး  သာဓုခေါ်ပါတယ်
ဤကောင်းမှု ၏ မြတ်ဒါနကို
လူနတ်ဗြမ္မာသတ္တာဝါတို့   သာဓု ခေါ်နိုင်ကြပါစေ သာဓု သာဓု သာဓု-----
...... Credit - Daw Yee Yee
SIM ပိုင်းဆိုင်​ရာ
Sim အပိုင်း ပြု ပြင်တော့မယ်ဆိုရင် Sim မဖတ်တာလား  ဖုန်း လိုင်းမတတ်တာလား ဆိုတာကို သေချာကွဲပြားအောင်လို့  လေ့လာထားဖို့ လိုပါမယ် ။
မိမိပြုပြင်မယ့်ဖုန်းအမျိုးအစားက Sim မသိတဲ့ အနေအထားမျိုးမှာ Software error လား Hardware error လားဆိုတာကိုလည်း ခွဲခြားသိမြင်နိုင်အောင် မှတ်သားထား
ရမှာဖြစ်ပါတယ်။
ဟုတ်ပြီ
Sim Card အပိုင်းကို သေချာလေ့လာကြည့်ရင် ပုံစံနှစ်မျိုးနဲ့ လာတတ်တာကို တွေ့မြင်ရမှာပါ ။ တချို့ Sim အထိုင်တွေမှာ ပင်(6)ပင်ပါပြီး တချို့ Sim အထိုင်တွေမှာတော့ ပင်(8)ပင်နဲ့ လာတတ်ပါတယ်။ ဘယ်နှစ်ပင်နဲ့ပဲလာလာ
တကယ်အလုပ်လုပ်မယ့်ပင်တွေကိုပဲ ရွေးချယ်ပြီး
 ပြုပြင်ရမှာပါ ။အောက်မှာပုံနဲ့ ရှင်းပြပေးထားပါတယ်။
ဒါဆိုရင် Sim Card အလုပ်လုပ်မယ့်ပုံစံကို နားလည်ဖို့
လိုလာပါပြီ ။ Sim အထိုင်မှာ ရှာလို့ အလွယ်ကူဆုံးကတော့ Ground ပင်ပါ ။ Ground ပင်ရဲ့မျက်နှာခြင်း
ဆိုင်ပင်က VCC  ( V Sim )ပင်ဖြစ်ပြီး VCC (V Sim) ပင်ရဲ့အောက်က Reset, Clock, Data, NC ,Ground
အစဉ်လိုက်မှတ်သားထားပါ ။
ဒါဆိုရင် Sim Card မသိတဲ့ error နဲ့လာပြီဆိုပါစို့ ။
တချို့ sim ပင်လေးတွေက Sim card အထုပ်အသွင်း
လုပ်ပါများရင် နိမ့်နေတတ်ပါတယ် ။ Sim ပင်လေး
တွေကို မြှင့်ပေးကြည့်ပါ ။ တချို့ ဖုန်းအနောက်က sim အပေါ်တည့်တည့်ရှိ ကြောရိုးတွေဟာ ကျိုးနေတာမျိုး
တွေ ခုံးနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ် ။ ဒါဆိုရင်
တော့ စက္ကူ လေးခံပေးရုံနဲ့ သိသွားနိုင်ပါတယ် ။
ဒါတွေအကုန်ကောင်းနေရဲ့သားနဲ့ Sim မသိဘူးဆရာ
ဟုတ်ပါပြီ--- လိုအပ်တာတွေထက်စစ်ဆေးရပါမယ်။
အရင်ဆုံး VCC, Reset, Clock, Data, NC, G
ခွဲခြားထားပြီး VCC ( V Sim ) ပင်မှာ Sim ဖတ်ဖို့ 
အတွက် လိုအပ်တဲ့ volt ရောက်မရောက် စစ်ဆေးရပါမယ် ။
ဒီနေရာမှာ တချို့တွေက Sim card မထည့်ပဲ
VCC (V Sim ) ပင်ကို Volt ရောက်မရောက်စစ်ဆေး
တတ်ကြပါတယ် ။ စစ်လို့ တော့ရပေမယ့် Sim card
ထည့်မထားတဲ့အချိန်ဆိုရင် VCC ( V Sim ) ပင်ကိုလာ
မယ့် Volt  က  စက္ကန့်ပိုင်းလောက်ပဲပေါ်ပြီး
Sim Card မရှိမှန်းသိတာနဲ့ ပြန်ပျောက်သွားမှာဖြစ်တဲ့
အတွက် Volt တိုင်းရတာ ဆပ်ပြာသည် လင်ပျောက်သလို
ဖြစ်နေမှာပါ ။
ဒါဆိုရင်ဘယ်လိုတိုင်းမလဲ ။
VCC ( V Sim ) ကနေ Jumper ကြိုးတစ်ချောင်း
ထုတ်ထားပေါ့ဗျာ ။ ပြီးရင် Sim Card ထည့်ပြီး
VCC ( V Sim ) နဲ့ Connection ချိတ်ဆက်ထားတဲ့
Jumper ကြိုးစထိပ်မှာ Volt လာတိုင်းလို့ ရပါတယ် ။
Sim Card ထည့်ထားတဲ့အတွက် Sim Volt ကပြန်မ
ပျောက်သွားပဲ ရှိနေမှာပါ။
VCC ( V Sim ) ပင်မှာVoltရှိနေ့ရဲ့သားနဲ့ Sim မဖတ်
သေးဘူးဆိုရင် Sim အိမ်နားမှာရှိတဲ့ TVS Diode
လေးတွေ ဖြုတ်ချကြည့်မယ်  Reset, Clock, Data
လမ်းကြောင်းတွေမှာ volt တွေ ရှိမရှိ စစ်ဆေးရပါမယ်
အဲ့ဒီလို စစ်ဆေးဖို့ အတွက် VCC ( V Sim ), Reset,
Clock, Data လမ်းကြောင်းတွေကို ဘယ် IC တွေက
Control လုပ်ထားသလဲဆိုတာ သိနေရပါမယ် ။
လမ်းကြောင်းတခုချင်းစီမှာ Resistor လေးတွေခံထားတဲ့ အတွက် Connection တိုင်းကြည့်ပြီး လိုအပ်ရင်
တခြား Circuit board ပေါ်က လမ်းကြောင်းတူ R
လေးတွေဖြုတ်လဲကြည့်ရပါမယ် ။
VCC ( V Sim) ပင်ရဲ့ Volt တွေကတော့ သုံးစွဲထားတဲ့ PMU ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် ။
တကယ်လို့  VCC ( V Sim ) ပင်မှာ Volt မရှိဘူးဆို
ရင်တော့ Pmu နားကနေ jumper ကျော်ကြည့်ပါ။
မရရင်တော့ Pmu လဲရမှာဖြစ်ပြီး Reset, Clock, Data လမ်းကြောင်းတွေကြောင့် Sim မဖတ်တာမျိုးဆို
ရင်တော့ Baseband  ICကို လဲရမှာဖြစ်ပြီး တချို့ ဖုန်းအမျိုးအစားတွေမှာ Baseband IC ကို CPU ထဲမှာ
ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် CPU ကိုပဲ
လဲကြည့်ရမှာဖြစ်ပါတယ်။
ဒါကတော့ Sim ဖတ်ဖို့ အတွက် လမ်းကြောင်းစစ်ရ
မယ့်ပုံစံလေးပါ ။ Simမဖတ်ခြင်းဟာ Network နဲ့
မဆိုင်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ် ။
လိုအပ်ချက်ရှိခဲ့ရင် ကျွန်တော့် အားနည်းချက်ကြောင့်
ဖြစ်တဲ့အတွက် ဖြည့်တွေးပေးစေလိုပါတယ် ။
Credit
AKS Phone Driver Tool.exe
Phone Driver တွေကို HDD ထဲမှာ  ခေါင်းမူးအောင်​ ရှာစရာမလိုဘဲ One Click နှင့်​ Install ဆွဲလို့ရအောင်​ ပြင်​ဆင်​ရေးသားထားပါတယ်​ ... Wind...