Thursday, April 19, 2018

SIM ပိုင်းဆိုင်​ရာ




Sim အပိုင်း ပြု ပြင်တော့မယ်ဆိုရင် Sim မဖတ်တာလား  ဖုန်း လိုင်းမတတ်တာလား ဆိုတာကို သေချာကွဲပြားအောင်လို့  လေ့လာထားဖို့ လိုပါမယ် ။

မိမိပြုပြင်မယ့်ဖုန်းအမျိုးအစားက Sim မသိတဲ့ အနေအထားမျိုးမှာ Software error လား Hardware error လားဆိုတာကိုလည်း ခွဲခြားသိမြင်နိုင်အောင် မှတ်သားထား
ရမှာဖြစ်ပါတယ်။

ဟုတ်ပြီ
Sim Card အပိုင်းကို သေချာလေ့လာကြည့်ရင် ပုံစံနှစ်မျိုးနဲ့ လာတတ်တာကို တွေ့မြင်ရမှာပါ ။ တချို့ Sim အထိုင်တွေမှာ ပင်(6)ပင်ပါပြီး တချို့ Sim အထိုင်တွေမှာတော့ ပင်(8)ပင်နဲ့ လာတတ်ပါတယ်။ ဘယ်နှစ်ပင်နဲ့ပဲလာလာ
တကယ်အလုပ်လုပ်မယ့်ပင်တွေကိုပဲ ရွေးချယ်ပြီး
 ပြုပြင်ရမှာပါ ။အောက်မှာပုံနဲ့ ရှင်းပြပေးထားပါတယ်။

ဒါဆိုရင် Sim Card အလုပ်လုပ်မယ့်ပုံစံကို နားလည်ဖို့
လိုလာပါပြီ ။ Sim အထိုင်မှာ ရှာလို့ အလွယ်ကူဆုံးကတော့ Ground ပင်ပါ ။ Ground ပင်ရဲ့မျက်နှာခြင်း
ဆိုင်ပင်က VCC  ( V Sim )ပင်ဖြစ်ပြီး VCC (V Sim) ပင်ရဲ့အောက်က Reset, Clock, Data, NC ,Ground
အစဉ်လိုက်မှတ်သားထားပါ ။

ဒါဆိုရင် Sim Card မသိတဲ့ error နဲ့လာပြီဆိုပါစို့ ။
တချို့ sim ပင်လေးတွေက Sim card အထုပ်အသွင်း
လုပ်ပါများရင် နိမ့်နေတတ်ပါတယ် ။ Sim ပင်လေး
တွေကို မြှင့်ပေးကြည့်ပါ ။ တချို့ ဖုန်းအနောက်က sim အပေါ်တည့်တည့်ရှိ ကြောရိုးတွေဟာ ကျိုးနေတာမျိုး
တွေ ခုံးနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ် ။ ဒါဆိုရင်
တော့ စက္ကူ လေးခံပေးရုံနဲ့ သိသွားနိုင်ပါတယ် ။

ဒါတွေအကုန်ကောင်းနေရဲ့သားနဲ့ Sim မသိဘူးဆရာ
ဟုတ်ပါပြီ--- လိုအပ်တာတွေထက်စစ်ဆေးရပါမယ်။

အရင်ဆုံး VCC, Reset, Clock, Data, NC, G
ခွဲခြားထားပြီး VCC ( V Sim ) ပင်မှာ Sim ဖတ်ဖို့ 
အတွက် လိုအပ်တဲ့ volt ရောက်မရောက် စစ်ဆေးရပါမယ် ။

ဒီနေရာမှာ တချို့တွေက Sim card မထည့်ပဲ
VCC (V Sim ) ပင်ကို Volt ရောက်မရောက်စစ်ဆေး
တတ်ကြပါတယ် ။ စစ်လို့ တော့ရပေမယ့် Sim card
ထည့်မထားတဲ့အချိန်ဆိုရင် VCC ( V Sim ) ပင်ကိုလာ
မယ့် Volt  က  စက္ကန့်ပိုင်းလောက်ပဲပေါ်ပြီး
Sim Card မရှိမှန်းသိတာနဲ့ ပြန်ပျောက်သွားမှာဖြစ်တဲ့
အတွက် Volt တိုင်းရတာ ဆပ်ပြာသည် လင်ပျောက်သလို
ဖြစ်နေမှာပါ ။

ဒါဆိုရင်ဘယ်လိုတိုင်းမလဲ ။
VCC ( V Sim ) ကနေ Jumper ကြိုးတစ်ချောင်း
ထုတ်ထားပေါ့ဗျာ ။ ပြီးရင် Sim Card ထည့်ပြီး
VCC ( V Sim ) နဲ့ Connection ချိတ်ဆက်ထားတဲ့
Jumper ကြိုးစထိပ်မှာ Volt လာတိုင်းလို့ ရပါတယ် ။
Sim Card ထည့်ထားတဲ့အတွက် Sim Volt ကပြန်မ
ပျောက်သွားပဲ ရှိနေမှာပါ။

VCC ( V Sim ) ပင်မှာVoltရှိနေ့ရဲ့သားနဲ့ Sim မဖတ်
သေးဘူးဆိုရင် Sim အိမ်နားမှာရှိတဲ့ TVS Diode
လေးတွေ ဖြုတ်ချကြည့်မယ်  Reset, Clock, Data
လမ်းကြောင်းတွေမှာ volt တွေ ရှိမရှိ စစ်ဆေးရပါမယ်

အဲ့ဒီလို စစ်ဆေးဖို့ အတွက် VCC ( V Sim ), Reset,
Clock, Data လမ်းကြောင်းတွေကို ဘယ် IC တွေက
Control လုပ်ထားသလဲဆိုတာ သိနေရပါမယ် ။

လမ်းကြောင်းတခုချင်းစီမှာ Resistor လေးတွေခံထားတဲ့ အတွက် Connection တိုင်းကြည့်ပြီး လိုအပ်ရင်
တခြား Circuit board ပေါ်က လမ်းကြောင်းတူ R
လေးတွေဖြုတ်လဲကြည့်ရပါမယ် ။

VCC ( V Sim) ပင်ရဲ့ Volt တွေကတော့ သုံးစွဲထားတဲ့ PMU ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ် ။

တကယ်လို့  VCC ( V Sim ) ပင်မှာ Volt မရှိဘူးဆို
ရင်တော့ Pmu နားကနေ jumper ကျော်ကြည့်ပါ။
မရရင်တော့ Pmu လဲရမှာဖြစ်ပြီး Reset, Clock, Data လမ်းကြောင်းတွေကြောင့် Sim မဖတ်တာမျိုးဆို
ရင်တော့ Baseband  ICကို လဲရမှာဖြစ်ပြီး တချို့ ဖုန်းအမျိုးအစားတွေမှာ Baseband IC ကို CPU ထဲမှာ
ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် CPU ကိုပဲ
လဲကြည့်ရမှာဖြစ်ပါတယ်။

ဒါကတော့ Sim ဖတ်ဖို့ အတွက် လမ်းကြောင်းစစ်ရ
မယ့်ပုံစံလေးပါ ။ Simမဖတ်ခြင်းဟာ Network နဲ့
မဆိုင်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ် ။

လိုအပ်ချက်ရှိခဲ့ရင် ကျွန်တော့် အားနည်းချက်ကြောင့်
ဖြစ်တဲ့အတွက် ဖြည့်တွေးပေးစေလိုပါတယ် ။

Credit

No comments:

Post a Comment

AKS Phone Driver Tool.exe

Phone Driver တွေကို HDD ထဲမှာ  ခေါင်းမူးအောင်​ ရှာစရာမလိုဘဲ One Click နှင့်​ Install ဆွဲလို့ရအောင်​ ပြင်​ဆင်​ရေးသားထားပါတယ်​ ... Wind...