Monday, February 19, 2018

ဖုန်း ဝယ်တော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ


မင်္ဂလာပါ
●•●•●•ဖုန်းဝယ်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ●•●•●•
📲📲📲📲📲📲📲📲📲📲📲📲📲📲📲📲?
ဖုန်းဝယ်တော့မယ်ဆိုရင်
Software ရယ် Hardware ရယ်နှစ်ခုခွဲပြီးစစ်ဆေးဖို့ လိုပါတယ်။
Software ဖက်ကဘာတွေစစ်ဆေးသင့်လည်း
► Android Version
► Play Store
► Root
► Firmware
► 3G - 4G ကွန်ယက်ကိုအလွယ်တစ်ကူချိတ်ဆက်နိုင်လား
Hardware ဖက်ကဘာတွေစစ်ဆေးသင့်လည်း
► Touch ကွဲသွားရင် လဲလို့ လွယ်မလား
► LCD ကွဲသွားရင် လဲလို့ လွယ်မလား
► Battery အပိုရော ၀ယ်လို့ လွယ်မလား
► Camera Resolution
► Internal RAM ရယ် ROM ရယ်ကရော
► SD Card ( For Storage Upgrade )
► 1Sim (or) 2Sim ( Sim ၂ ခုစလုံးက 3G ကွန်ယက်လား )
► CPU ( အရမ်းအရေးကြီးပါတယ် )
#Software
► Android Version ဘယ်လောက်လည်း
အနည်းဆုံး 4.4.4 (သို့ ) 5.0 လောက်တော့ ရွေးဝယ်ပါဗျ ...
နို့ မို့ FB တို့ Messenger တို့ Update လုပ်ချင်လျက်
မလုပ်ရဖြစ်နေမှာစိုးလို့ ပါ
► Play Store က အော်ရီဂျင်နယ် ပါလာတာလား
Play Store ပါတော့ လိုအပ်တဲ့ App တွေဒေါင်းဖို့ 
အဆင်ပြေတာပေါ့။ ဆိုင်ပြေးစရာမလိုတော့ဘူးပေါ့ဗျာ
► Root လုပ်လို့ အဆင်ပြေလား
မြန်မာစာက Offline မှာပဲမှန်နေပြီးတော့
Online လည်းကျရောလွဲကုန်ပြီလား ...
Offline - Online နှစ်ခုစလုံးမှာ
မြန်မာစာအဆင်ပြေသလား
► ဗိုင်းရပ်စ်တွေကိုက်တဲ့အခါ Firmware ပြန်ရေးရင်
အဆင်ပြေမှာလား
► Sim
3G - 4G ကွန်ယက်ကို
အလွယ်တစ်ကူချိတ်ဆက်နိုင်လား
Sim One ကသာပဲ 3G ရတာလား
Sim Two ကရော 3G ကွန်ယက်ကိုရနိုင်လား
××××××××××××××××××××××××××××××××××
#Hardware
► Internal Memory (RAM) ဘယ်လောက်လည်း
RAM မြင့်တော့ ဖုန်းပေါ့တာပေါ့။RAM မြင့်လေ
လုပ်ဆောင်ချက်တွေပိုမြန်လေပါပဲ။
အနည်းဆုံး 1GB တော့ရှိသင့်ပါတယ်။
► Internal Storage ( ROM ) ဘယ်လောက်လည်း
ဆိုင်တွေမှာပြောကြပါတယ် SD Card စိုက်စရာတောင်မလိုဘူး
8GB ပါပြီးသား ... အဲဒါ ROM ကိုပြောတာပါ။သူက DATA
သိမ်းဆည်းပေးယုံကလွဲပြီးတစ်ခြား အကျိုးမပြုပါဘူး။
သိမ်းဆည်းတဲ့အလုပ်ပဲလုပ်မယ် ၊ မြန်တာ နှေးတာ သူနဲ့ မဆိုင်ဘူး။
► Camera ( Pixel ဘယ်လောက်ပါလည်း .. ရှေ့ - နောက် )
Pixel မြင့်လေ ရုပ်ထွက်ကောင်းလေပါ။
► Battery Life
Battery တုံးပေါ်မှာ mah ဆိုတာလေးကိုကြည့်ပါ။
ပုံထဲမှာ နမူနာလေးပြပေးထားပါတယ်။
1000 mah ထက် 2000 mah ကပိုခံပါတယ်။
mah များလေကောင်းလေပေါ့။
Power Bank ၀ယ်မယ်ဆိုရင်လည်း
မိမိဖုန်းနဲ့ တွက်ပြီးဝယ်သင့်ပါတယ်။
မိမိဖုန်းက mah 2000 ပေါ့။
Power Bank က 12000 mah ဆိုရင်
လိုတိုးပိုလျော့ အနေနဲ့  5ကြိမ်လောက်တော့
အားသွင်းလို့ ရတာပေါ့။ အတုတွေလည်းရှိပ့နော်
► SD Card
ဘယ်လောက်ထိ ထပ်တိုးလို့ ရလည်းပေါ့။
ဥပမာ - 64GB စိုက်မယ်ရမလား ..
ဘယ်လောက်ထိလက်ခံလည်း
► Sim
Dual Sim လား One Sim လား
► CPU
ဖုန်းမှာအရေးကြီးဆုံး အစိတ်အပိုင်းကြီးတွေထဲကတစ်ခုပါ။
သူမြင့်လေ ဖုန်းဟာလျင်မြန်ပေါ့ပါးလေပါပဲ။
အဲ့နေရာမှာGHz ကိုပဲကြည့်လိုက်ပါတော့
1.3GHz အနည်းဆုံးရွေးချယ်သင့်ပါတယ်။
Setting ► About ► Processor ထဲမှာကြည့်လို့ ရပါတယ်။

လိုအပ်တာလေးတွေကို Comment မှာထပ်ဖြည့်ပေးပါဦး


Aung Kyaw Soe
Mobile&Other Electronic Services

Rue Villagr,Ann toenship

No comments:

Post a Comment

AKS Phone Driver Tool.exe

Phone Driver တွေကို HDD ထဲမှာ  ခေါင်းမူးအောင်​ ရှာစရာမလိုဘဲ One Click နှင့်​ Install ဆွဲလို့ရအောင်​ ပြင်​ဆင်​ရေးသားထားပါတယ်​ ... Wind...